ရန်ကုန်ယူနိုက်တက်အသင်းနှင့် နောက်တန်းကစားသမား စိုးမိုးကျော်တို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် နောက်တန်းကစားသမား စိုးမိုးကျော်တို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် နောက်တန်းကစားသမား စိုးမိုးကျော် တို့သည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ ကစားသမား၏ဆန္ဒအလျောက် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား စိုးမိုးကျော်သည် ၂၀၂၁ ခုနှစ်ဘောလုံးရာသီအတွက် အားကစားနှင့် ကာယပညာသိပ္ပံအသင်းမှ နှစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ နောက်တန်းကစားသမား စိုးမိုးကျော် အနေဖြင့် ရှေ့ဆက်လျှောက်မည့်ခရီးလမ်းတွင် အောင်မြင်မှုများ ရရှိပါစေကြောင်းရန်ကုန်ယူနိုက်တက်အသင်းက ဆုမွန်ကောင်းတောင်းအပ်ပါသည်။