ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းအား ခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းအား ခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်းသည် ဦးတင်မောင်ထွန်း နှင့် လမ်းခွဲပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းအား ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့မှစတင်ကာ တစ်နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမင်းထွန်းလင်း သည် မြန်မာ့နေရှင်နယ်လိဂ်ပြိုင်ပွဲ အတွေ့အကြုံရှိနည်းပြတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်ရာသီတွင် Horizon FC, 2016-2017 ရာသီတွင် ချင်းယူနိုက်တက်အသင်းတို့ကိုင်တွယ်နည်းပြခဲ့သည်။ ထို့နောက် ၂၀၁၈ နှင့် ၂၀၁၉ ရာသီတို့တွင် ဇွဲကပင်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဇွဲကပင်အသင်းကို တတိယရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။

ဦးမင်းထွန်းလင်း က “ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ဒီအသင်းရဲ့ ကောင်းမွန်တဲ့အနေအထားနဲ့ ကမ်းလှမ်းချက်တွေအပြင် ကျွန်တော်ကိုယ်တိုင်လည်း လုပ်ချင်တာဖြစ်တဲ့အတွက် လာရောက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်က စိန်ခေါ်မှုတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဝမ်းပန်းတသာလက်ခံလိုက်တာဖြစ်ပါတယ်။” ဟု ဝမ်းသာပီတိစကားဆိုခဲ့သည်။