ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့်ကွင်းလယ်ကစားသမားမောင်မောင်လွင် တို့သည် ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ကာ ကစားသမား၏ဆန္ဒအလျောက် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းကွင်းလယ်ကစားသမား မောင်မောင်လွင်သည် ၂၀၁၈ ဘောလုံးရာသီမှစတင်ကာအသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့ပြီး 2018 ကွင်းဖွင့်ဖလားချန်ပီယံ၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ၊ ၂၀၁၈ နှင့် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါသည်။

ကွင်းလယ်ကစားသမား မောင်မောင်လွင် အနေဖြင့် ရှေ့ဆက်လျှောက်မည့်ခရီးလမ်းတွင် အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် အသင်းအပေါ်ပေးဆပ်၍ အောင်မြင်မှုများရရှိအောင် ကြိုးစားကစားခဲ့သည်များကို ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အစဉ်အမှတ်ရအသိအမှတ်ပြုနေမည်ဖြစ်ပါသည်။