ရန်ကုန်ယူနိုက်တက်အသင်း၏၂၀၂၁ ရာသီနောက်ဆုံးခေါ်ယူမှုအဖြစ် ဇွဲကပင်ယူနိုက်တက်အသင်းနောက်ခံလူ သိန်းတန်ကို နှစ်နှစ်စာချူပ်ဖြင့်ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်း၏၂၀၂၁ ရာသီနောက်ဆုံးခေါ်ယူမှုအဖြစ် ဇွဲကပင်ယူနိုက်တက်အသင်းနောက်ခံလူ သိန်းတန်ကို နှစ်နှစ်စာချူပ်ဖြင့်ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ ဘောလုံးရာသီနောက်ဆုံးခေါ်ယူမှုအဖြစ် ဇွဲကပင်ယူနိုက်တက် ဘယ်နောက်ခံလူ သိန်းတန်ကို နှစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ သိန်းတန် သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ဇာတိဖြစ်ပြီး ၂၀၁၀ မှ ၂၀၁၄ ခုနှစ်ထိ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တွင် လေ့ကျင့်သင်ယူခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၅ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်-၂ ကလပ်အသင်းဖြစ်သည့် Horizon FC အသင်းနှင့် အတူနှစ်နှစ်ကြာယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ချင်းယူနိုက်တက်အသင်း၊ ၂၀၁၈ ခုနှစ်မှစတင်ကာ ဇွဲကပင်ယူနိုက်တက်အသင်းတွင် သုံးနှစ်ကြာကစားခဲ့သည်။

သိန်းတန် က “ဒီလိုအသင်းကြီးတစ်သင်းကခေါ်ယူတဲ့အတွက် ကိုယ့်ကိုယ်လည်း ဂုဏ်ယူပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီအသင်းမှာက တကယ်တော်တဲ့ကစားသမားတွေအများကြီးရှိတဲ့အတွက် နေရာတစ်နေရာရဖို့ အတော်လေးကြိုးစားရမယ်ဆိုတာသိပါတယ်။ကျွန်တော်အနေနဲ့အသင်းအောင်မြင်မှုရအောင်လို့ တစ်ထောင့်တစ်နေရာကနေ ကြိုးစားပေးသွားပါမယ်။” ဟု ပြောကြားခဲ့သည်။