ရန်ကုန်ယူနိုက်တက်အသင်းနှင့် Onepay Company Limited တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Onepay Company Limited တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ ဘောလုံးရာသီအတွက် Co-sponsor အဖြစ် ပံ့ပိုးကူညီပေးသွားမည့် Onepay Company Limited နှင့် သဘောတူစာချူပ်ချုပ်ဆိုမှု အခမ်းအနားကို ယနေ့ ညနေက ရန်ကုန်ယူနိုက်တက်အသင်းခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ကိုကိုဦး၊ Onepay Company Limited မှ Chief Commercial Officer မစ္စတာ ဆာဂါဘာဂါဒီယာ၊ ရန်ကုန်ယူနိုက်တက် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများတက်ရောက်ခဲ့ကြသည်။

ယခုလိုပံ့ပိုးကူညီပေးမှုနှင့်ပတ်သက်၍ Onepay မှ မစ္စတာ ဆာဂါဘာဂါဒီယာ က ယခုလို ရန်ကုန်ယူနိုက်တက်အသင်းကိုကူညီပံ့ပိုးပေးရသည့်အတွက် ဝမ်းသာမိကြောင်းနှင့် လာမည့်ရှေ့နှစ်များတွင်လည်း အတူလက်တွဲ လုပ်ဆောင်သွားလိုကြောင်းပြောကြားခဲ့သည်။
Onepay သည် နေ့စဉ်သုံး mobile app တစ်ခုဖြစ်ပြီး သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး အဆင်ပြေချောမွေ့စွာငွေကြေး လွှဲပြောင်းဝန်ဆောင်မှုများပြုလုပ်နိုင်သည့် application တစ်ခုဖြစ်သည်။