မြန်မာနေရှင်နယ်လိဂ်

မြန်မာနေရှင်နယ်လိဂ်

၂၀၁၈ ဘောလုံးရာသီကတော့ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ၅ ကြိမ်မြောက် မြန်မာနေရှင်နယ်လိဂ်ဖလားကို ရရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ပွဲစဉ် ၁ က စပြီး နည်းပြနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို မလျော့တမ်းအရှိန်မြှင့်ပြီး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်ရေးအတွက် ဦးတည်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မွန်ပြည်နယ်ကိုယ်စားပြု ဆောက်သမ်းမြန်မာအသင်းကို မောင်မောင်လွင်၊ ကျော်ဇင်ဦး ၂ ဂိုး၊ စိုးမင်းနိုင် တို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ၅ ကြိမ်မြောက်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။