မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များရပ်နား

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များရပ်နား

ယနေ့မနက်က ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် နှင့် ကလပ်အသင်းတာဝန်ရှိသူများ အရေးပေါ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို ယနေ့ (၂၄.၃.၂၀၂၀) ရက်နေ့မှစတင်ပြီး ရပ်နားသွားမည် ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ညနေ ၄း၀၀ နာရီတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရန်ရှိသော်လည်း မြန်မာနေရှင်နယ်လိဂ် ၏ ထုတ်ပြန်ချက်အရ ပွဲစဉ်များ အားလုံးကို ရပ်နားသွားမည် ဖြစ်ပါသည်။

ပွဲပြန်လည်စတင်မည့်ရက်ကို နိုင်ငံတော်အစိုးရ၏ အသိပေးလမ်းညွှန်မှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များပေါ်အခြေခံပြီး မြန်မာနေရှင်နယ်လိဂ်မှ ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။