မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်ဌာနမှ တာဝန်ရှိသူများက ဖီဖာဘောလုံးဥပဒေအသစ်များ လာရောက်ရှင်းလင်းတင်ပြ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်ဌာနမှ တာဝန်ရှိသူများက ဖီဖာဘောလုံးဥပဒေအသစ်များ လာရောက်ရှင်းလင်းတင်ပြ

ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မကြာမီကျင်းပပြုလုပ်သွားမည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် အသုံးပြုသွားမည့် ဖီဖာဥပဒေအသစ်များရှင်းလင်းခြင်းများကို ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက် မိုးလုံလေလုံအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်း နှင့် လက်ထောက်နည်းပြများ၊ ကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှင်းလင်းရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာန မှ ဦးလှတင့် က အသစ်ပြင်ဆင်ရေးဆွဲထားသည့် ဖီဖာဘောလုံးဥပဒေသစ်များကို အသေးစိတ်ရှင်းလင်းတင်ပြပေးခဲ့ပြီး တက်ရောက်လာသည့် ကစားသမားများနှင့် နည်းပြများက သိလိုသည့်အချက်များကို ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။