မဟာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားမည်ဟု ဝင်းနိုင်ထွန်းဆို

မဟာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားမည်ဟု ဝင်းနိုင်ထွန်းဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားရမယ့် မဟာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် အသင်းနဲ့အတူ အကောင်းဆုံးကြိုးစားသွား မည်ဟု ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မှုး ဝင်းနိုင်ထွန်းက ပြောကြားခဲ့သည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) တွင် မဟာယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၃:၃၀ မိနစ်အချိန်၊ သုဝဏ္ဏအားကစား ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့် ပတ်သတ်ပြီး ဝင်းနိုင်ထွန်းက “နည်းပြသစ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကစားကွက်နဲ့ အံဝင်အောင် ကျွန်တော်တို့ လေ့ကျင့်နေပါတယ်၊ လက်ရှိ အသင်းရဲ့ စုစည်းမှုနဲ့ ပြင်ဆင်မှုအပိုင်းကို ပြောရရင် အားရမိပါတယ်၊ လာမယ့်ပွဲမှာ အသင်းနဲ့အတူ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဝင်းနိုင်ထွန်းက “အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ပွဲကို Myanmar National League Youtube Channel မှာလည်း ပြသမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါ” ဟု ထပ်မံ ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက်အသင်းကသည် ၃ ပွဲနိုင်၊ ၆ ပွဲရှုံး၊ ရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၈ နေရာတွင် ရပ်တည်နေသည်။