မဟာယူနိုက်တက်နဲ့ ပွဲစဉ်မှာ အနိုင် (၃)မှတ် ရရှိအောင် ကြိုးစားသွားမည်ဟု မောင်မောင်ဝင်းဆို

မဟာယူနိုက်တက်နဲ့ ပွဲစဉ်မှာ အနိုင် (၃)မှတ် ရရှိအောင် ကြိုးစားသွားမည်ဟု မောင်မောင်ဝင်းဆို

မနက်ဖြန် ယှဉ်ပြိုင်ရမယ့် မဟာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ အနိုင် သုံးမှတ်ရရှိအောင် ကြိုးစားသွားမည်ဟု ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ မောင်မောင်ဝင်းက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)တွင် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ မဟာယူနိုက်တက်အသင်းတို့ တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေ ၃:၀၀ နာရီ၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့် ပတ်သက်ပြီး မောင်မောင်ဝင်းက “ချန်ပီယံလမ်းကြောင်း ပေါ်သွားနေတဲ့ အသင်းတစ်သင်း ဖြစ်တဲ့ အတွက် လာမယ့်ပွဲစဉ်မှာ မဖြစ်မနေ နိုင်မှဖြစ်မှာပါ၊ ကျနော်တို့ အကောင်းဆုံး ကြိုးစားပြင်ဆင်ထားပါတယ်” ဟုပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက ပရိသတ်များကို “ပွဲစဉ်(၄)မှာ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် လက်ကျန်ပွဲစဉ်တွေကို ဆက်လက် အားပေးပေးပါ၊ ဒါမှလဲ ကျနော်တို့ အားရှိပြီး စွမ်းဆောင်မှုကောင်းတွေ ပိုပြီး ပိုင်ဆိုင်နိုင်မှာပါ” ဟုဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ရမှတ် (၉)မှတ်ဖြင့် ဧရာဝတီယူနိုက်တက်၊ မြဝတီအက်ဖ်စီ အသင်းတို့နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယား အဆင့် (၄)နေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက်အသင်းသည် ရမှတ် (၃)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၉)နေရာတွင် ရပ်တည်နေသည်။