ပွဲတိုင်းကိုအနိုင်ကစားသွားမည်ဟု တိုက်စစ်မှုး ထက်ဖြိုးဝေ ဆို

ပွဲတိုင်းကိုအနိုင်ကစားသွားမည်ဟု တိုက်စစ်မှုး ထက်ဖြိုးဝေ ဆို

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုး ထက်ဖြိုးဝေ က ပွဲတိုင်းကိုအနိုင်ကစားသွားမည် ဟု ရတနာပုံအသင်းနှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် -၂ အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် ရတနာပုံအသင်းနှင့် လာမည့် ဇူလိုင်လ ၇ ရက်နေ့၊ ညနေ ၃:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထက်ဖြိုးဝေ က “လာမည့်ရတနာပုံနဲ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နည်းပြညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ရေးကွင်းမှာ သေချာပြင်ဆင်ထားတဲ့အတွက် အကောင်းဆုံးရလဒ်ရမယ်လို့ယုံကြည်ပါတယ်” ဟု ပွဲကြိုပြင်ဆင်မှုကိုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပြိုင်ဖက်ရတနာပုံအသင်းတို့သည့် ပြီးခဲ့သည့်ပွဲစဉ်များတွင် အသီးသီးအနိုင်ရရခဲ့ပြီး ရမှတ် သုံးမှတ်ပြည့်ရယူထားနိုင်ခဲ့သည်။
“ရတနာပုံအသင်းကအသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ရန်ကုန်ယူနိုက်တက်အသင်းကတော့ ပွဲမှာအကောင်းဆုံး ယှဉ်ပြိုင်ပြီး အနိုင်ရလဒ်ရရှိအောင်ယှဉ်ပြိုင်သွားပါမယ်” ဟု ၎င်းက ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁ ပွဲနိုင်၊ ရဂိုး ၂ ဂိုး၊ ရမှတ် ၃ မှတ်နှင့် အဆင့် ၅ နေရာတွင်ရပ်တည်နေပြီး ရတနာပုံအသင်းသည် ၁ ပွဲကစား၊ ၁ ပွဲနိုင်၊ ရဂိုး ၇ ဂိုး၊ ရမှတ် ၃ မှတ်နှင့် အဆင့် ၁ နေရာတွင်ရပ်တည်နေသည်။