ပြန်လည်ယှဉ်ပြိုင်ကစားတော့မည့် ပြိုင်ပွဲများအတွက် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ နှင့် ဒုတိယဥက္ကဌ ဦးမင်းဆွေဦး တို့ အားပေးစကားလာ‌ရောက်ပြောကြာ

ပြန်လည်ယှဉ်ပြိုင်ကစားတော့မည့် ပြိုင်ပွဲများအတွက် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ နှင့် ဒုတိယဥက္ကဌ ဦးမင်းဆွေဦး တို့ အားပေးစကားလာ‌ရောက်ပြောကြာ

ယနေ့ညနေက ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ နှင့် ဒုတိယဥက္ကဌ ဦးမင်းဆွေဦး တို့သည် အသင်းလေ့ကျင့်ရေးအစီအစဉ်သို့ လာ‌ရောက်ခဲ့ပြီး မကြာမီစတင်တော့မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အကောင်းဆုံးကြိုးစားကြရန် အားပေးစကားပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ က အသင်းသားများအနေဖြင့် ပွဲတိုင်းကို အာရုံစိုက်ကစားရန်လိုအပ်ကြောင်း၊ Covid-19 ကြောင့် အသွားအလာ ကန့်သတ်မှုတွေကြားထဲမှာ စိတ်ကျဉ်းကျပ်မှုများဖြစ်နေလျှင်လည်း သည်းခံပြီး ပွဲတိုင်းအနိုင်ရရှိအောင် ကြိုးစားသွားရန်လိုကြောင်း၊ လိုအပ်သည်များကို မိမိဘက်မှာ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ Covid-19 ကာလမှာပင် ခံစားခွင့်များကိုအပြည့်အဝရရှိအောင်လုပ်ဆောင်ပေးခဲ့ပြီး ပံ့ပိုးပေးခဲ့ကြောင်း၊ ထို့ကြောင့် မိမိတာဝန် မိမိကျေအောင်လုပ်ဆောင်သွားရန်လိုအပ်ကြောင်းနှင့် Covid-19 ကြောင့် မွန်းကျပ်နေသည့် ပရိသတ်များကိုပျော်ရွှင်မှုပေးနိုင်သည်မှာ ချန်ပီယံဆုရယူခြင်းဖြစ်သည့်အတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားကြရန် အားပေးအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး က အသင်းတွင်လိုအပ်သည်များကို အကောင်းဆုံးဖြည့်ဆည်းပေးထားသည့်အတွက် တစ်ပွဲချင်းစီတိုင်းကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်သွားရန်လိုကြောင်း၊ ချန်ပီယံဖြစ်ရေးအတွက် အဓိကထားပြီး အားစိုက်ထုတ်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ် ပထမဦးဆုံးပွဲစဉ်အဖြစ် မနက်ဖြန် ဩဂုတ်လ ၂၂ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။