န်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက GFA ကို ၂-၀ ဂိုးဖြင့်အနိုင်ရ

န်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက GFA ကို ၂-၀ ဂိုးဖြင့်အနိုင်ရ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက GFA ကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရန်ကုန်အသင်းအတွက် ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့သည်။
ပထမပိုင်းတွင် ဆန်းဆက်နိုင်(ဂိုး)၊ ဇော်ရဲထွန်း၊ ကျော်ဖြိုးဝေ၊ ဟိန်းဇေယျာလင်း၊ ဒေးဗစ်ထန်း၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ရန်လင်းအောင် (သာယာဝင်းထက်)၊ မင်းကျော်ခန့်၊ ဝင်းနိုင်ထွန်း နှင့် ဆီလာ တို့ပွဲထွက်ပါဝင် ကစားခဲ့ကြပြီး ပွဲချိန် ၉ မိနစ်တွင် GFA အသင်းပင်နယ်တီဧရိယာအတွင်း နောက်တန်းနှင့်လက်ထိသဖြင့် ရန်ကုန်အသင်းပင်နယ်တီရရှိခဲ့သည်။ ရရှိခဲ့သည့် ပင်နယ်တီကို ဝင်းနိုင်ထွန်းက ကန်သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက GFA ကို ၁-၀ ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဘုန်းသစ္စာမင်း(ဂိုး)၊ ဇာနည်ထက်၊ သူရိန်စိုး၊ ကျော်ဖြိုးဝေ၊ ဇင်ကိုထက်၊ ကောင်းထက်စိုး၊ ရန်လင်းအောင်၊ သာယာဝင်းထက်၊ စအောင်ပြည့်ကို(ထက်လင်းစိုး)၊ ရန်ကျော်ထွေး နှင့် လမင်းထွေး တို့ဝင်ရောက်ကစားခဲ့ကြသည်။ ပွဲချိန် ၆၃ မိနစ်တွင် GFA နောက်တန်းဖြတ်ထုတ်ရာမှ နောက်တန်းနှင့်ထိပြီး ဂိုးဝင်ခဲ့သဖြင့် ရန်ကုန်အသင်း ၂-၀ ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။ လက်ကျန်မိနစ်များတွင် ဆက်လက်ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက GFA အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။