ဇွဲကပင်နောက်တန်းကစားသမား ကျော်ဖြိုး‌ဝေကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ဇွဲကပင်နောက်တန်းကစားသမား ကျော်ဖြိုး‌ဝေကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ ဘောလုံးရာသီအတွက် ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ဇွဲကပင်ယူနိုက်တက်အသင်းမှ နောက်တန်းကစားသမား ကျော်ဖြိုးဝေအား နှစ်နှစ်စာချုပ်ဖြင့်ချုပ်ဆိုလိုက်ပြီဖြစ်သည်။

အသက် ၂၁ အရွယ်ရှိ နောက်တန်းကစားသမား ကျော်ဖြိုးဝေသည် စစ်ကိုင်းတိုင်းဇာတိဖြစ်ပြီး မန္တလေးအကယ်ဒမီတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ လေ့ကျင့်သင်ယူခဲ့သူဖြစ်သည်။ ထို့နောက် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ယူ-၁၆ AFF ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည်။ ထို့အပြင် ပြည်တွင်းကလပ်အသင်းဖြစ်သည့် ဇွဲကပင်ယူနိုက်တက်အသင်းနှင့်အတူ ၂၀၁၈ ခုနှစ်စတင်ကာ ၃ နှစ်ဆက် ယှဉ်ပြိုင်ကစားခဲ့သည်။

ယခုလို ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့်နှင့်ပတ်သက်၍ ကျော်ဖြိုးဝေက “ရှေ့ဆက်ရမယ့်လမ်းတွေအတွက် ဒီလိုအသင်းကြီးကိုရောက်ရှိလာတာ တကယ်ကိုဝမ်းသာမိပါတယ်။ ဒီလိုအသင်းက ခေါ်တဲ့အတွက် ကျွန်တော်တို့မှာ ကြိုးစားခွင့်ရှိသလို လက်တွေ့ရောက်လာတဲ့အချိန်မှာ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်ဘက်ကလည်း အသင်းနဲ့ အမြန်ဆုံးအံဝင်အောင် ကြိုးစားပြီး ပရိသတ်တွေအတွက် အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။