ဇယားထိပ်မှာဆက်လက်ရပ်တည်နိုင်ဖို့အကောင်းဆုံးပြင်ဆင်နေသည် ဟု တိုက်စစ်မှုး ဝင်းနိုင်ထွန်း ပြောကြား

ဇယားထိပ်မှာဆက်လက်ရပ်တည်နိုင်ဖို့အကောင်းဆုံးပြင်ဆင်နေသည် ဟု တိုက်စစ်မှုး ဝင်းနိုင်ထွန်း ပြောကြား

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုး ဝင်းနိုင်ထွန်းက ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့အကောင်းဆုံးပြင်ဆင်နေသည် ဟု ဒဂုံစတားယူနိုက်တက်အသင်းနှင့် ပွဲမတိုင်မီတွင်ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်မတ်လ ၁၁ ရက်နေ့၊ ညနေ ၄း၀၀ နာရီအချိန်၊ သုဝဏ္ဏကွင်းတွင် ဒဂုံစတားယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
လက်ရှိ မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံးနှင့်ရပ်တည်နေသည့် ဝင်းနိုင်ထွန်း က “သူတို့အသင်းကလည်းအသင်းကောင်းတစ်သင်းပါ။ အဲ့ဒါကြောင့်အကောင်းဆုံးပုံစံနဲ့ တစ်ဖက်အသင်းကို ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့က ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေဖို့အတွက် တစ်ပွဲချင်းစီကို အာရုံစိုက်သွားရင်တော့ အကောင်းဆုံးရလဒ်ကတော့ထွက်လာမှာပါပဲ။” ဟု ဆိုခဲ့သည်။
ဆက်လက်ပြီး ဝင်းနိုင်ထွန်းက “အားပေးနေကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့်ပွဲတွေကိုလည်း လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု ဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်နှင့် အမှတ်ပေးဇယားထိပ်တွင်ရပ်တည်နေပြီး ဒဂုံစတား ယူနိုက်တက်အသင်းသည် ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နှင့် အဆင့် ၃ နေရာတွင်ရပ်တည်နေသည်။