ဆုဖလား

30.11 2019
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၉ ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ်ဖလားကို လက်လွှတ်ခဲ့ရပေမယ့် နှစ်နှစ်ဆက်ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဖြစ်ဖို့ကို အားထည့်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီလိုယှဉ်ပြိုင်ကစားခဲ့ရာမှာလည်း အကြိုဗိုလ်လုပွဲမှာ နှစ်ကျော့ပေါင်းရလဒ်နဲ့စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းနဲ့အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

30.11 2018
Charity Cup

၂၀၁၈ ခုနှစ်ဟာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အမှတ်ရစရာများစွာတွေရှိနေတဲ့နှစ်တစ်ခုဖြစ်ပါတယ်။ ဘောလုံးရာသီရဲ့ နှစ်အစတစ်ခုဖြစ်တဲ့ ဇန်နဝါရီလ သစ်လွင်လတ်ဆက်မှုတွေနဲ့အတူ ရှမ်းယူနိုက်တက်အသင်းကို အောင်ဆန်းကွင်းမှာယှဉ်ပြိုင်ကစားခဲ့ပြီး ကွင်းဖွင့်ဖလားကို ၄-၆ ဂိုးနဲ့ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။

30.11 2018
မြန်မာနေရှင်နယ်လိဂ်

၂၀၁၈ ဘောလုံးရာသီကတော့ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ၅ ကြိမ်မြောက် မြန်မာနေရှင်နယ်လိဂ်ဖလားကို ရရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ပွဲစဉ် ၁ က စပြီး နည်းပြနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို မလျော့တမ်းအရှိန်မြှင့်ပြီး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်ရေးအတွက် ဦးတည်ခဲ့ပါတယ်။

30.11 2018
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

၂၀၁၈ ခုနှစ်ရဲ့အောင်မြင်မှုတွေကို ထပ်ဆင့်အောင်မြင်မှုတွေနဲ့ မှတ်တမ်းရေးထိုးလိုက်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကြီးကို သိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။ ၂၀၁၈ ဘောလုံးရာသီအဖွင့်မှာ ကွင်းဖွင့်ဖလား ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၁၈ ဘောလုံးရာသီကိုနှုတ်ဆက်ရာမှာလည်း ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်နဲ့ လက်ပြနှုတ်ဆက်ခဲ့တဲ့ရာသီလည်းဖြစ်ပါတယ်။

30.11 2016
Charity Cup

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ တွေ့ဆုံမှုကို အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

30.11 2015
Myanmar National League

မြန်မာနေရှင်နယ်လိဂ် ၄ ကြိမ်မြောက် ချန်ပီယံအဖြစ်မှတ်တမ်းရေးထိုးမယ့် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၅ ဘောလုံးရာသီအပြီးမှာတော့ ပွဲစဉ် ၂၂ ပွဲကစား၊ ၁၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၅၄ မှတ်နဲ့ ဒုတိယနေရာက ရတနာပုံအသင်းကို ၈ မှတ်အကွာနဲ့ ချန်ပီယံဆုကြီးကို ရယူခဲ့တာပဲဖြစ်ပါတယ်။

30.11 2013
Community Cup

၂၀၁၂ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၂၀၁၂ MFF Digicel Cup ချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ ရာသီအစယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ အောင်ဆန်းကွင်းမှာယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ဆီဇာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ရာသီအစကိုအနိုင်နဲ့စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

30.11 2013
မြန်မာနေရှင်နယ်လိဂ်

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တတိယမြောက် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံအဖြစ် ထပ်မံရေးထိုးခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား ပြိုင်ပွဲပြီးဖို့ တစ်ပွဲအလို မကွေးနဲ့ ပွဲစဉ်မှာပဲ ၂-၁ နဲ့အနိုင်ရရှိပြီး ချန်ပီယံအခွင့်အရေးကို ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ နေပြည်တော်နဲ့ ပွဲစဉ်မှာလည်း အိမ်ရှင်နေပြည်တော်အသင်းကို ဆီဇာ ရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ ၁-၀ ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

30.11 2012
Myanmar National League

၂၀၁၂ ကတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက် မြန်မာနေရှင်နယ်လိဂ်ဆုဖလားကို ရရှိခဲ့တဲ့နှစ်ဖြစ်ပါတယ်။ ဒုတိယနေရာက ရှမ်းယူနိုက်တက် (ယခင် ကမ္ဘောဇအသင်း) ကို တစ်မှတ်အသာနဲ့ ချန်ပီယံဆုကို ရရှိခဲ့ပြီး ၁၈ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၆၀ မှတ် ရရှိခဲ့ပါတယ်။

30.11 2011
မြန်မာနေရှင်နယ်လိဂ်

အားလုံးမျှော်လင့်နေတဲ့ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်ရေးဆိုတဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့အကောင်းဆုံးပြင်ဆင်ခဲ့ပြီး ပထမဦးဆုံး မြန်မာနေရှင်နယ်လိဂ်ဆုဖလားကို ရရှိခဲ့တဲ့နှစ်ပဲဖြစ်ပါတယ်။ ဒုတိယနေရာက ဧရာဝတီယူနိုက်တက်အသင်းနဲ့ နောက်ဆုံးပွဲစဉ်မှာ ဆုံတွေခဲ့ပြီး ဧရာဝတီအသင်းအနေနဲ့ အနိုင်ရရှိခဲ့ရင် ချန်ပီယံဆုကိုမျှော်မှန်းနိုင်မှာဖြစ်သလို ရန်ကုန်အသင်းကလည်း သရေတစ်မှတ်ရရုံနဲ့ ချန်ပီယံဖြစ်ဖို့သေချာနေတဲ့ အနေအထားတစ်ခုဖြစ်ခဲ့ပါတယ်။

30.11 2011
MFF Max Cement Cup

ရန်ကုန်ယူနိုက်တက်အသင်းအတွက် နေပြည်တော်အသင်းကိုနိုင်လိုက်ပြီးချန်ပီယံဆုသိမ်းပိုက်လိုက်နိုင်ခဲ့တာက တစ်နှစ်ထဲမှာတင် ဖလားနှစ်လုံးရယူနိုင်ရေးအိမ်မက်ကိုလက်တွေ့အကောင်အထည်ဖော်ခြင်းပဲဖြစ်ခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲစဉ်မှာ မကွေးအသင်းကို ၁-၀ နဲ့အနိုင်ရရှိပြီး ဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။