စတုထ္ထမြောက်ခြေစမ်းပွဲတွင် မြဝတီအသင်းကို ၄ ဂိုးပြတ် ဖြင့် အနိုင်ရရှိ

စတုထ္ထမြောက်ခြေစမ်းပွဲတွင် မြဝတီအသင်းကို ၄ ဂိုးပြတ် ဖြင့် အနိုင်ရရှိ

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် မြဝတီအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း အတွက် ဂိုးတွေကို ဒေးဗစ်ထန်း၊ ကောင်းထက်စိုး၊ ဆယ်လာ နှင့် ဥက္ကာနိုင် တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ပွဲကစားချိန်ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဆန်းဆက်နိုင် (ဂိုး)၊ ဒေးဗစ်ထန်း၊ ဟာဘီလာ (ဟိန်းဇေယျာလင်း)၊ ဇော်ရဲထွန်း၊ ဇင်ကိုထက်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ ဝင်းနိုင်ထွန်း၊ ရန်ကျော်ထွေး၊ ကောင်းထက်စိုး တို့ပါဝင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃ မိနစ်တွင် ဒေးဗစ်ထန်း၊ ဒုတိယဂိုးကို ပွဲချိန် ၄၂ မိနစ်တွင် ကောင်းထက်စိုး က သွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မြဝတီအသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဘုန်းသစ္စာမင်း (ဂိုး)၊ ဇာနည်ထက် (ဝေယံစိုး)၊ ဟိန်းဇေယျာလင်း (သူရိန်စိုး)၊ ကျော်ဖြိုးဝေ၊ မင်းကျော်ခန့် (ဉာဏ်လင်းထက်)၊ ရန်ကျော်စိုး၊ ရန်နိုင်ဦး (ရန်လင်းအောင်)၊ ဇော်ဝင်းသိန်း (လမင်းထွေး)၊ ကောင်းထက်စိုး (စအောင်ပြည့်ကို)၊ ဆယ်လာ၊ ဥက္ကာနိုင် တို့ ပါဝင်ကစားခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယဂိုးနှင့် စတုတ္ထဂိုးတို့ကို ဆီလာနှင့် ဥက္ကာနိုင် တို့ကိုသွင်းယူပေးခဲ့ကြပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက မြဝတီအသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ ၄ ပွဲ ယှဉ်ပြိုင်ကစားထားခဲ့ပြီး ကချင်ယူနိုက်တက်အသင်းကို ၃-၀ ၊ မဟာယူနိုက်တက်အသင်းကို ၂-၁၊ GFA အသင်းကို ၂-၁၊ မြဝတီအသင်းကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည်။