ဂါနာနိုင်ငံသား မာလီဟာဘီလာ ကို တစ်နှစ်စာချုပ်ချုပ်ဆို

ဂါနာနိုင်ငံသား မာလီဟာဘီလာ ကို တစ်နှစ်စာချုပ်ချုပ်ဆို

လာမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲနှင့် AFC Cup 2023 ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဂါနာနိုင်ငံသား နောက်ခံလူ မာလီဟာဘီလာ အား တစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
၂၆ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဟာဘီလာသည် မော်လဒိုက်၊ အိုမန်နှင့် မော်ဒိုဘာနိုင်ငံရှိ ကလပ်အသင်းများတွင် ဝင်ရောက်ကစားခဲ့သည်။ ဟာဘီလာသည် ဗဟိုခံစစ်နေရာတွင် အဓိကထားကစားပြီး အသင်းလိုအပ်ချက်အရ ကွင်းလယ်ခံစစ်နေရာတွင်ပါ ကစားနိုင်သည့်သူတစ်ဦးဖြစ်သည်။
“မြန်မာနိုင်ငံအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ အသင်းကြီးမှာကစားရတဲ့အတွက် ကျွန်တော်အတွက်တော့ တကယ်အခွင့်အရေးကောင်းတစ်ခုပါပဲ။ အသင်းကသွားချင်တဲ့လမ်းကြောင်း အတိုင်းကိုလိုက်ပြီး ယှဉ်ပြိုင်ကစားသွားမှာပါ။ ဒါကြောင့်လည်းကျွန်တော် ဒီအသင်းကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒီအသင်းရဲ့ပြင်းပြတဲ့ရည်မှန်းချက် ကြောင့် ကျွန်တော်ဒီကိုပိုပြီးလာချင်သွားခဲ့တာပါ။ အသင်းနဲ့အတူတူ အကောင်းဆုံးပုံစံနဲ့ကစားပြီး ဆုဖလားတွေအောင်မြင်မှုတွေ ရရှိအောင်ကြိုးစားသွားပါမယ်။” ဟု ၎င်းကဆိုခဲ့သည်။