ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိ

ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်း၏ ပထမဦးဆုံးခြေစမ်းပွဲစဉ်အဖြစ် ယနေ့နံနက်ပိုင်းက ကချင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဆီလာ၊ စအောင်ပြည့်ကို တို့ကသွင်းယူပေးခဲ့သည်။
ပုံမှန်ပွဲကစားချိန်အတိုင်း ၄၅ မိနစ်နှစ်ပိုင်းယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် ဆန်းဆက်နိုင်(ဂိုး)၊ ဇင်ကိုထက်၊ ဟာဘီလာ၊ ဇော်ရဲထွန်း၊ ဇာနည်ထက်၊ လှိုင်းဘိုဘို၊ ဇော်ဝင်းသိန်း၊ ရန်နိုင်ဦး၊ ဥက္ကာနိုင် (စအောင်ပြည့်ကို)၊ ကောင်းထက်စိုး၊ ဆီလာ တို့ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင် ဇာနည်ထက် ညာခြမ်းမှ မတင်ပေးသည့်ဘောလုံးကို ဆီလာက ခေါင်းတိုက်သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် ဘုန်းသစ္စာမင်း (ဂိုး)၊ ဉာဏ်လင်းထက်၊ ဟာဘီလာ(ကျော်ဖြိုးဝေ)၊ ဟိန်းဇေယျာလင်း၊ ဇာနည်ထက်(သူရိန်စိုး)၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း(သာယာဝင်းထက်)၊ ရန်လင်းအောင်၊ စအောင်ပြည့်ကို၊ ကောင်းထက်စိုး(လမင်းထွေး)၊ ဆီလာ(ရန်ကျော်ထွေး) တို့ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၄၇ မိနစ်တွင် ဇော်ဝင်းသိန်း ပြစ်ဒဏ်ဘောကန်တင်ရာမှတဆင့် စအောင်ပြည့်ကို က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ရန်လင်းအောင် ညာခြမ်းမှ ဂိုးရှေ့ချပေးသည့်ဘောလုံးကို ဂိုးသမားပုတ်ထုတ်ရာမှ ဂိုးရရှိခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ၃-၀ ဂိုးဖြင့် ကချင်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။