ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံအသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရရှိ

ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံအသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရရှိ

ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဒဂုံအသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက ဒဂုံအသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို လမင်းထွေး နှင့် ရန်ပိုင်စိုး တို့က ၂ ဂိုးစီအသီးသီးသွင်းယူပေးခဲ့ကြသည်။
ပထမပိုင်းတွင် ဘုန်းသစ္စာမင်း (ဂိုး)၊ ဉာဏ်လင်းထက်၊ သီဟထက်အောင်၊ ဟိန်းဇေယျာလင်း၊ ဇာနည်ထက်၊ ဇော်ဝင်းသိန်း၊ ရန်ကျော်စိုး၊ ကျော်မင်းဦး၊ ထက်ဖြိုးဝေ၊ ရန်နိုင်ဦး နှင့် လမင်းထွေးတို့ ဝင်ရောက်ကစားခဲ့ပြီး ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်တွင် ရန်နိုင်ဦး ဘယ်ခြမ်းမှချပေးသည့်ဘောလုံးကို လမင်းထွေးက အနီးကပ်သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ဒုတိယဂိုးကို လမင်းထွေးက ၃၆ မိနစ်တွင် ဘယ်ခြေဖြင့် ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံအသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဆန်းဆက်နိုင် (ဂိုး)၊ ဉာဏ်လင်းထက်၊ ပြည့်ဖြိုးဇော်၊ သီဟထက်အောင်၊ ဇာနည်ထက်၊ မောင်မောင်ဝင်း၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ထက်ဖြိုးဝေ၊ ရန်ပိုင်စိုး နှင့် ရန်နိုင်ဦးတို့ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၆၁ မိနစ်တွင် လမင်းထွေးဂိုးကန်သွင်းရန်ကြိုးစားရာမှ နောက်တန်းနှင့်ထိပြီး လျှံထွက်လာသည့်ဘောလုံးကို ရန်ပိုင်စိုး ခေါင်းတိုက်သွင်းယူခဲ့သည်။ ၇ မိနစ်ကြာပြီးနောက် ရန်နိုင်ဦး၏ အကောင်းဆုံးဂိုးရှေ့ချိုးပေးမှုကို ရန်ပိုင်စိုး က အပိုင်သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲ ၄ ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ရရှိခဲ့သည်။