ကျန်းမာရေးစစ်ဆေးချက်များပြုလုပ်ပြီး လေ့ကျင့်ရေးအစီစဉ်များပြန်လည်စတင်ရန်ပြင်ဆင်

ကျန်းမာရေးစစ်ဆေးချက်များပြုလုပ်ပြီး လေ့ကျင့်ရေးအစီစဉ်များပြန်လည်စတင်ရန်ပြင်ဆင်

ပြန်လည်စတင်တော့မည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများအတွက် လေ့ကျင့်ရန်ပြင်ဆင်လျက်ရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် သက်ဆိုင်ရာက ချမှတ်ထားသည့်လမ်းညွှန်ချက်များကိုလိုက်နာ၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးချက်များကိုပြုလုပ်ခဲ့ပြီးဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်များကို လာမည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်ယူနိုက်တက်အသင်း၏ အုပ်ချုပ်/နည်းပြ နှင့် ကစားသမားများကို ကျန်းမာရေးကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အားလုံးကောင်းမွန်စိတ်ချရသည့်အခြေနေဖြစ်သဖြင့် ဆက်လက်စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်သည်။ ထို့အပြင် လိုအပ်သည့် ကြိုတင်ကာကွယ်ပြင်ဆင်ထားမှုများ၊ ကွင်းအတွင်း/ကွင်းအပြင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့်အတူ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်း ၏ပထမဦးဆုံးပွဲစဉ်ကို ဇူလိုင်လ ၁၆ ရက်နေ့၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မကွေးအသင်းနှင့်တွေ့ဆုံမည်ဖြစ်သည်။