ကောင်းထက်စိုး၏ ဒဏ်ရာအခြေအနေ

ကောင်းထက်စိုး၏ ဒဏ်ရာအခြေအနေ

ရန်ကုန်ယူနိုက်တက်အသင်း ညာတောင်ပံ ကောင်းထက်စိုး သည် ယမန်နေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် ဒူးအရွတ်နာဒဏ်ရာရရှိခဲ့ပြီး အာရှတော်ဝင်ဆေးရုံသို့ပို့ဆောင် ခဲ့ရသည်။
ပွဲချိန် ၃၃ မိနစ်တွင် တစ်ဖက်အသင်းနှင့် ဘောလုံးယှဉ်လုရာမှ ခြေချော်ပြီး ဒူးအရွတ်ထိခိုက်မှုဖြစ်ခဲ့ရာ ဇာနည်ထက်နှင့် လူစားလဲလှယ်ခဲ့ရသည်။
ယနေ့တွင် အရိုးအကြောအထူးကုနှင့်ပြသခဲ့ရာ ဒူးအရွတ်အနည်းငယ်ထိသွား သည့်အတွက် ဆေးကုသမှုခံယူခဲ့ပြီး ၃ ရက်ခန့်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။